“အီရန်၏ ကုန်သွယ်ရေးရေယာဉ် တိုက်ခိုက်ခံရမှုအတွက် ယူကရိန်းကို အီရန်သတိပေး”

27 Jul

ကက်စပီယံပင်လယ်အတွင်း သွားလာနေသည့် အီရန်နိုင်ငံပိုင် ကုန်သွယ်ရေးရေယာဉ်တစ်စင်းကို ယူကရိန်းက တိုက်ခိုက်ခဲ့သည့်အတွက် ရေယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားကာ သင်္ဘောသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ အီရန်အစိုးရက ယူကရိန်းနိုင်ငံကို ပြင်းထန်စွာရှုတ်ချသတိပေးလိုက်သည်။ အဆိုပါတိုက်ခိုက်မှုက ကုလသမဂ္ဂပဋိညာဉ်ပါပုဒ်မ၂(၄)ကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ပွဲနှင့်မတည်ငြိမ်မှုများကို ပိုမိုကျယ်ပြန့်လာစေနိုင်သည့် ကျူးကျော်စော်ကားမှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အီရန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခတွင် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုသည် အီရန်နိုင်ငံအပေါ် ယူကရိန်း၏ ရန်လိုပြီး အကြောင်းမဲ့ဆန့်ကျင်သည့်အပြုအမူကို ပြသနေခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက အခိုင်အမာပြောသည်။ ထို့ပြင် အီရန်နိုင်ငံက အမျိုးသားအကျိုးစီးပွားနှင့်လုံခြုံရေးကို ကာကွယ်နိုင်စေရေးအတွက် တုံ့ပြန်ဆောင်ရွက် ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ အကျိုးဆက်များအတွက် ယူကရိန်းအစိုးရနှင့် အားပေးကူညီသူများတွင် တာဝန်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

27 Jul

ADVERTISE HERE .