“အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ခေတ္တရပ်ဆိုင်းဟုဆို”
27 Jul
အမေရိကန်စစ်ဘက်က အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်ကိုကိုးကား၍ သတင်းဌာနအချို့ကဖော်ပြထားသည်။ သို့ရာတွင် ရပ်ဆိုင်းထားမည့် အချိန်ကာလကို အတိအကျ ထုတ်ဖော်ပြောထားခြင်းမရှိကြောင်း တွေ့ရသည်။ သတင်းဌာနတစ်ခုကမူ ဟော်မုရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးရန် အိုမန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အီရန်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်ကို အနှောင့်အယှက်မဖြစ်စေရန် အမေရိကန်က တိုက်ခိုက်မှုများကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ခုကိုကိုးကား၍ ဖော်ပြထားသည်။ သို့သော်အမေရိကန်တွင် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ လျော့နည်းလာနေပြီဖြစ်ကြောင်း အကြံပေးများ၏ သတိပေးချက်ကြောင့် သမ္မတထရမ့်က အီရန်အပေါ် အပြင်းအထန်တိုက်ခိုက်မည့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်ဟု သတင်းဌာနအချို့ကဆိုသည်။