“အေစီမီလန်အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ လူကာမိုဒရစ်”
25 Jul
အေစီမီလန်အသင်းက အသင်းဝါရင့် ကွင်းလယ်ကစားသမား လူကာမိုဒရစ် ကို ၂ဝ၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ လူကာမိုဒရစ် ဟာ အေစီမီလန်အသင်းနှင့်အတူ ၂၀၂၅-၂၀၂၆ မှ ပြီးခဲ့တဲ့ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၄၀ အရွယ် လူကာမိုဒရစ် က အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး လာမယ့်ဘောလုံး ရာသီသစ်မှာ ဆုဖလားများစွာ ရယူသွားလိုကြောင်းနဲ့ ကစားသမားဘဝကိုလည်း လက်ရှိအသင်းမှာပဲ ကုန်ဆုံးသွားမှာ လိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
25 Jul