“နယူးကာဆယ်အသင်းက မိုနာကိုကွင်းလယ်ကစားသမား ဘမ်ဘာ ကိုခေါ်ယူ”
25 Jul
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းက မိုနာကိုအသင်း ကွင်းလယ်ကစားသမား ဘမ်ဘာ ကို ယူရိုသန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဘမ်ဘာ က နယူးကာဆယ်အသင်းနှင့် ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဘမ်ဘာ ဟာ မိုနာကိုအသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး ခြေစွမ်းပြနိုင်ခဲ့လို့ နယူးကာဆယ်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ လက်ရှိဈေးကွက်အတွင်းမှာ ကစားသမားလေးဦးအထိ ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။(NVS 008)
25 Jul