“၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန် ပြင်သစ်နိုင်ငံဘောလုံးအဖွဲ့ချုပ် လျှောက်ထားမည်”
25 Jul
ပြင်သစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ လျှောက်ထားမည်ဟု အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံနှင့် မော်ရိုကိုနိုင်ငံတို့က သုံးနိုင်ငံပူးတွဲအိမ်ရှင် နှင့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် အသီးသီးကျင်းပမှာဖြစ်ပါတယ်။ လာမည့် ၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် နိုင်ငံများအနေဖြင့် အိမ်ရှင်အဖြစ်လျှောက်ထားနိုင်ပြီး အဆိုပါနိုင်ငံများထဲမှ ရွေးချယ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့တိုက်ကြီးများအလိုက် အလှည့်ကျစနစ်ဖြင့် အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းဖြစ်ပြီး လာမည့် ၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ဥရောပတိုက်နိုင်ငံများထဲမှ ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အသင်းမှ ဘာလိုဂန် ရဲ့ အနီကတ်အတွက် ယာယီ ပယ်ဖျက်မှု၊ အချိန်ပိုမိနစ် အများအပြားအသုံးပြုမှုနှင့် ဖျော်ဖြေရေးအစီအစဉ် များစွာထည့်သွင်းပြီး ဝင်ငွေရှာဖွေမှု များနှင့်ပတ်သက်ပြီး ဥရောပမှ ထိပ်တန်းအသင်းကြီးအများစုက ဖီဖာဥက္ကဋ္ဌ အန်ဖန်တီနို အား ဝေဖန်မှုများ လုပ်ဆောင် ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် လျှောက်ထားမည်ဖြစ်ကြောင်း အတည်ပြုကြေညာပြီးနောက် လာမည့်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲ တွင် လက်ရှိဥက္ကဋ္ဌဖြစ်သူ အန်ဖန်တီနို အား ထောက်ခံကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။(NVS 008)