“မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေ”

25 Jul

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံ များ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်နေမှု၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ဧည့်ရိပ်သာ ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းအိမ်ရာအဆောက်အအုံ ပြန်လည်ပြုပြင်မွမ်းမံမှုနှင့် အသစ်တည်ဆောက်နေမှုတို့ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်း တွင် ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို အလေး ထားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။(NVS 008)

25 Jul

ADVERTISE HERE .