“ဘရူနိုဖာနန်ဒက်စ် ကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေတဲ့ ဂါလာတာစာရေးအသင်း”

24 Jul

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်ယူအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ကို ကမ်းလှမ်းဖို့စီစဉ်နေပြီး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေကြောင်း သိရပါတယ်။ ဘရူနိုဖာနန်ဒက်စ် နဲ့ မန်ယူအသင်းချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်ရှိ လာခဲ့ရင် အင်္ဂလန်ပြင်ပအသင်းတွေထံ ပေါင် ၅၆ သန်းနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်နေ ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူအသင်းကို ပေါင် ၆၇ ဒသမ ၆ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ ၂၀၂၄ ခုနှစ်မှာ မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆို ခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ကို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပြီး မန်ယူအသင်းကတော့ ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းရရှိဖို့ လိုလားနေပါတယ်။ လက်ရှိအချိန်မှာ ဂါလာတာစာရေး အသင်းက မန်ယူအသင်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။(NVS 008)

24 Jul

ADVERTISE HERE .