“ပြင်သစ်လက်ရွေးစင်ဟောင်း ဗီယာရာ ကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံဖို့စီစဉ်နေတဲ့ ဆီနီဂေါအသင်း”

24 Jul

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဗီယာရာ အနေနဲ့ ဆီနီဂေါလက်ရွေးစင် အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဗီယာရာ ဟာ ၂၀၂၅ နိုဝင်ဘာလမှာ ဂျီနိုအာအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဆီနီဂေါနည်းပြရာထူးအတွက် ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ ဗီယာရာ ဟာ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဗီယာရာ အနေနဲ့ ကစားသမားဘဝမှာ အာဆင်နယ်အသင်းနဲ့အတူ ကျော်ကြားခဲ့သူဖြစ်ပြီး အေစီမီလန်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ မန်စီးတီးအသင်းတို့မှာလည်း ကစားခဲ့ဖူးပါတယ်။ နည်းပြဘဝမှာတော့ နယူးယောက်စီးတီး၊ နိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်၊ စထရာဘိုးနဲ့ ဂျီနိုအာအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာ လက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဆီနီဂေါအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နည်းပြ ပါ့ပ်သီယော နဲ့ လမ်းခွဲခဲ့ပြီး ဗီယာရာ ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။(NVS 008)

24 Jul

ADVERTISE HERE .