“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ နေရာအလိုက်အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် စပိန်အသင်းမှ ကစားသမား သုံးဦးထိပါဝင်”
24 Jul
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နေရာအလိုက်အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာ ချန်ပီယံဆုဖလားရရှိခဲ့တဲ့ စပိန်အသင်းမှ ကစားသမားသုံးဦးထိ ပါဝင်လာခဲ့ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နေရာအလိုက်အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှ ဂိုးသမားနေရာတွင် ပြိုင်ပွဲ၌ တစ်ဂိုးတည်းသာပေးခဲ့ရသည့် စပိန်အသင်းဂိုးသမား ဆိုင်မွန်၊ အာဂျင်တီးနားအသင်းနှင့်အတူ အကောင်းဆုံး လက်စွမ်းပြသခဲ့သည့် အီမီလီယာနိုမာတီနက်ဇ် တို့ကိုကျော်ဖြတ်ပြီး ကိတ်ဗာဒီအသင်းနှင့်အတူ လက်စွမ်းကောင်းများ ပြသခဲ့သည့် ဗိုဇင်ဟာ ပါဝင်လာခဲ့ပါတယ်။ ခံစစ်ကစားသမား လေးဦးနေရာတွင် စပိန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး လူငယ် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့သည့် ကူဘာစီ ပါဝင်လာခဲ့ခြင်းမရှိခဲ့ဘဲ စပိန်အသင်းမှ ကူကူရယ်လာနှင့် ပက်ဒရိုပေါ်ရို၊ ပြင်သစ်အသင်းမှ အူပါမီကာနို၊ အာဂျင်တီးနားအသင်းမှ မာတီနက်ဇ် တို့ ပါဝင်လာခဲ့ပါတယ်။ ဆက်လက်ပြီး ကွင်းလယ်ကစားသမား သုံးဦးနေရာတွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့သည့် စပိန်အသင်းမှ ရိုဒရီ၊ အင်္ဂလန်အသင်းမှ ဘယ်လင်ဟမ်၊ ပြင်သစ်အသင်းမှ အိုလီဆီ၊ တိုက်စစ်ကစား သမားသုံးဦးနေရာတွင် သွင်းဂိုးအများဆုံး ကစားသမားဆုဆွတ်ခူးခဲ့သည့် ပြင်သစ်အသင်းမှ အမ်ဘတ်ပီ၊ နော်ဝေ အသင်းမှ ဟာလန်း၊ အာဂျင်တီးနားအသင်းမှ မက်ဆီ တို့ ပါဝင်လာခဲ့ပါတယ်။(NVS 008)