“အဒီယီမီ ကို ခေါ်ယူနိုင်ပြီဖြစ်တဲ့ ဘာစီလိုနာအသင်း”

24 Jul

ဘာစီလိုနာအသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့ ဂျာမနီတိုက်စစ်ကစားသမား အဒီယီမီ ကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဒီယီမီ ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါ ၉၈ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂျာမနီလက်ရွေးစင် အသင်းအတွက်ကိုလည်း ၁၁ ပွဲကစားခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအတွင်း ဒေါ့မွန်ရဲ့အဓိက တောင်ပံတိုက်စစ် ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့အတွက် အပိုဆုကြေး အပါအဝင် ယူရိုသန်း ၃၀ ဝန်းကျင် အသုံးပြုရဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အဒီယီမီ ကိုယ်တိုင် မကြာသေးခင်က ဘာစီလိုနာအသင်းဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက် အသင်းဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .