“မိုနာကိုလူငယ်ကစားသမား ဘမ်ဘာ ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ နယူးကာဆယ်အသင်း”
24 Jul
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းဟာ မိုနာကိုအသင်းရဲ့ ပြင်သစ်လူငယ်ကွင်းလယ်ကစားသမား ဘမ်ဘာ ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီလို့ ဥရောပမီဒီယာတွေကနေ ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဘမ်ဘာ အတွက် နယူးကာဆယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်အသုံးပြုရဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဘမ်ဘာ နှင့် နယူးကာဆယ်အသင်းတို့ စာချုပ်ချုပ်ဆိုဖို့ အင်္ဂလန်နိုင်ငံကို ထွက်ခွာလာပြီဖြစ်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းဟာ ဘမ်ဘာ ကို ကာလရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး သူ့ကိုပြန်လည်ရောင်းချပါက မိုနာကိုအသင်းကို ၁၅ ရာခိုင်နှုန်းပေးချေရမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ တိုနာလီ ကို ဆုံးရှုံးခဲ့ရသလို၊ ဂီမာရေ့စ်ရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ဘမ်ဘာကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ (NVS 008)