“ကလပ်ဘရုခ် တောင်ပံကစားသမား တီဇိုလစ် ကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်း”

24 Jul

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ ကလပ်ဘရုခ်အသင်းရဲ့ ဂရိတောင်ပံကစားသမား တီဇိုလစ် ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ တီဇိုလစ် အတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ နဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းကနေထွက်ခွာသွားခဲ့တဲ့ ထရိုဆက်ဒ် နေရာအတွက် ဘယ်တောင်ပံတိုက်စစ်ကစားသမား တီဇိုလစ် ကို ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တီဇိုလစ် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက ကလပ်ဘရုဂေးအသင်းနဲ့အတူ ဘယ်လ်ဂျီယံအမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို၊ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ အခုအပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်အသင်းပထမဆုံးခေါ်ယူတဲ့ကစားသမားအဖြစ် တီဇိုလစ် က မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

24 Jul

ADVERTISE HERE .