“ဧရာဝတီ-ယန်ဇီ ရိုးရာယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးပွဲတော်ကျင်းပမည်”

23 Jul

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ (မန္တလေး)မှ ကြီးမှူးကျင်းပမည့် ဧရာဝတီ-ယန်ဇီ ရိုးရာ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို မန္တလေးမြို့ရှိ Mandalay Convention Center ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ ယဉ်ကျေးမှုဖလှယ် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်၍ နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာကုမ္ပဏီများ၊ အသင်းအဖွဲ့များပါဝင်မည့် B2B Business Matching အစီအစဉ်များ၊ စီးပွားရေးပညာရှင်များ၏ Panel Discussion များ၊ နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲများကို ကျင်းပသွားမှာဖြစ်သလို မြန်မာ့ရိုးရာ သနပ်ခါး၊ လက်ဖက်နှင့် ချိတ်လုံချည် ပြိုင်ပွဲများ၊ တရုတ်ရိုးရာ စာလုံးအလှရေး၊ ရိုးရာစက္ကူညှပ်ခြင်းပညာနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

23 Jul

ADVERTISE HERE .