“ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်အကိုင်အခွင့်အလမ်း ၉၄ ခု အတည်ပြုပေးခဲ့”

23 Jul

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်အကိုင်အခွင့်အလမ်း ၉၄ ခုအား ဇူလိုင်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရပါ တယ်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်လုပ်ငန်းမှ လူငယ် ၁၈၈ ဦး၊ ခရီးလှည့်လည်ရေးလုပ်ငန်းမှ လူငယ် ၃၄၄ ဦး စုစုပေါင်းလူငယ် ၅၃၂ ဦးအတွက် အကျိုးပြုစေမည့် အလုပ်အကိုင် အခွင့်အလမ်း ၉၄ ခုကို အတည်ပြုပေးခဲ့ပါတယ်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဟိုတယ်အဆောက်အအုံတည်ဆောက်ခွင့် နှစ်ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင် ခြောက်ခု၊ ပြည်ဝင်ခရီးလှည့်လည်ရေးလိုင်စင် ၅၆ ခု၊ ပြည်ပခရီးလှည့်လည်ရေးလိုင်စင် ၃၀ ခုတို့ကို အတည်ပြု ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (၁/၂၀၂၆) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

23 Jul

ADVERTISE HERE .