“ဖိုဒန် ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ မန်စီးတီးအသင်း”

23 Jul

မန်စီးတီးအသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလ်ဖိုဒန် ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဖိုဒန် ရဲ့ မူလစာချုပ်က ၂၀၂၇ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဖိုဒန် က နည်းပြသစ် မာရက်စကာ လက်အောက်မှာ ဆက်နေပြီး စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဖိုဒန် ဟာ နည်းပြဟောင်း ဂွါဒီယိုလာ လက်အောက်မှာ ၁၇ နှစ်သားအရွယ်ကတည်းက အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းမှာ ကိုးရာသီကြာ ကစားထားကာ ပြိုင်ပွဲစုံ ၃၆၉ ပွဲကစား သွင်းဂိုး ၁၁၀ အထိ သွင်းယူပေးထားပါတယ်။ ဖိုဒန် အနေနဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ FAဖလား သုံးကြိမ်၊ လိဂ်ဖလား ငါးကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .