“ဂါနာချိုကို အငှားနဲ့ခေါ်ယူပြီးမှ အပြီးသတ်စာချုပ်ဖြင့် ကမ်းလှမ်းထားတဲ့ အက်စတွန်ဗီလာအသင်း”

23 Jul

အက်စတွန်ဗီလာအသင်းဟာ ချဲလ်ဆီးအသင်းကစားသမား ဂါနာချို ကို အငှားနဲ့ခေါ်ယူပြီးမှ အပြီးသတ် စာချုပ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဂါနာချို ဟာ ၂၀၂၅ နွေရာသီမှာ မန်ယူအသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲကစားပြီး ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂါနာချို ဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ အာမခံချက်မရှိပါက အသင်းပြောင်းရွှေ့မယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် အလွန်ဆို ကလည်း ဂါနာချို ကို အသင်းသစ်ရှာဖွေဖို့ ခွင့်ပြုထားကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဂါနာချိုကို ပေါင် ၄၂ ဒသမ ၅ သန်းနဲ့ အပြီးသတ်ရောင်းချဖို့ ရည်ရွယ်ထားပြီး ပရီးမီးယားလိဂ်က အသင်းတွေသာမက တခြားဥရောပလိဂ်တွေက အသင်းတွေရော၊ ဆော်ဒီလိဂ်က အသင်းတွေပါ ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းကတော့ ကနဦးမှာ အငှားနဲ့ ခေါ်ယူပြီး လာမယ့်ရာသီမှာမှ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ တရားဝင်ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .