“စပါးအသင်းနဲ့ လမ်းခွဲတော့မယ့် ရိုမဲရိုး ကို ခေါ်ယူမယ့် အင်တာမီလန်အသင်း”

23 Jul

အင်တာမီလန်အသင်းဟာ စပါးအသင်းနဲ့ လမ်းခွဲတော့မယ့် အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ရိုမဲရိုး ဟာ စပါးအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် စပါးအသင်း နှစ်ရာသီဆက်တိုက် တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေကြောင့် လမ်းခွဲဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရိုမဲရိုး ကို ဘာစီလိုနာ၊ အက်သလက်တီကိုနဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ စပါးအသင်းက ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၅၀ အဖြစ် သတ်မှတ်ထားခြင်းကတော့ အင်တာမီလန်အသင်းအတွက် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း သိရပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .