“ဝက်စ်ဟမ်းကစားသမား ဆမ်းမားဗီးလ် ကို ပေါင်သန်း ၆၀ နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အယ်လ်ဟီလာအသင်း”

23 Jul

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းကစားသမား ဆမ်းမားဗီးလ် ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အယ်လ်ဟီလာအသင်းက ဆမ်းမားဗီးလ် ကို ပေါင်သန်း ၄၀ နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာကြောင့် ပေါင် ၅၅ သန်းအပြင် အပိုဆုကြေး ပေါင် ၅ သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ရာမှာ ဝက်စ်ဟမ်းအသင်းက လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဆမ်းမားဗီးလ် ဟာ ၂၀၂၄ နွေရာသီမှာ လိဒ်စ်ကနေ ဝက်စ်ဟမ်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဆမ်းမားဗီးလ် ကို ရိုးမားအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင် ၃၉ သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းက လက်မခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .