“အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေ”

23 Jul

အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီတိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံ များမှ အလုပ်ရှင်အလုပ်သမားများနှင့် ဇူလိုင်လ ၂၁ ရက်က ပုသိမ်မြို့မှာ တွေ့ဆုံချိန်၌ ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေနဲ့ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနက မြန်မာလုပ်သားထုရဲ့ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မား စေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .