“လူကုန်ကူးသူများရဲ့ လှည့်ဖြားစည်းရုံးတဲ့နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအကြောင်း ရှင်းလင်း ဆွေးနွေးမည်”

23 Jul

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် IOM Myanmar တို့ ပူးပေါင်းပြီး ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ (World Day Against Trafficking in Persons) အထိမ်းအမှတ်အဖြစ် “Lives Behind Scam” ကမ်ပိန်းကို အမေရိကန်စင်တာရန်ကုန်၌ ဇူလိုင်လ ၃၀ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ အဆိုပါကမ်းပိန်းကို ဇူလိုင်လ ၃၀ ရက် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး လူကိုယ်တိုင် တက်ရောက်နိုင်သလို အွန်လိုင်းမှ နားထောင်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးတဲ့ နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ လှုပ်ရှားဆောင်ရွက်ပုံများအပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာပေးမှုများ၊ အတင်းအကျပ် ပြစ်မှုကျုးလွန်ရန် ခိုင်းစေခံရတဲ့ လူကုန်းကူးခံရမှုများမှ ထိခိုက်လွယ်သူများကို အကာအကွယ်ပေးနိုင်မည့် အကြောင်းအရာများအား သံတမန်များနှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဆီက တိုက်ရိုက်ကြားသိရမည်ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်စင်တာရန်ကုန်မှာ တိုက်ရိုက် ပါဝင်တက်ရောက်နိုင်မှာဖြစ်ပြီး တက်ရောက်နိုင်မည့် လူဦးရေကန့်သတ်ထားခြင်းကြောင့် ကြိုတင်စာရင်းပေးသွင်း ကြရန် အသိပေးထားပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .