“ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ”

23 Jul

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ရန်ကုန်မြို့နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေအရင်းအမြစ် ၃ ခုဖြစ်တဲ့ လှော်ကားရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ အဓိကထားမောင်းနှင်ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရပါတယ်။ အဆိုပါရေအရင်းအမြစ် ၃ ခုရှိ ရေတွန်းစက်ကြီးများ မောင်းနှင်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လှော်ကားမဟာဓာတ်အားခွဲရုံခွဲမှ ရယူလျက်ရှိရာ ယခုဇူလိုင်လဆန်းပိုင်းမှစ၍ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် ဓာတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ရေတွန်းစက်ကြီးများ ပုံမှန်မောင်းနှင်နိုင်ခြင်း မရှိခဲ့ဘဲ၊ လက်ရှိမှာ လှည်းကူးဓာတ်အားလိုင်းမှတစ်ဆင့် ယာယီဓာတ်အားရယူကာ ရေပေးဝေမှုလုပ်ငန်းများကို လည်ပတ်နိုင် ရန် လျင်မြန်စွာ စီမံဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .