“လွိုင်ကော်မြို့ရှိ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်နေ”

23 Jul

ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၁ ရက်နံနက်ပိုင်းက ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များအထိ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များကို စနစ်တကျထိန်းသိမ်းရန်လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ရွာတန်းရှည်ဓာတ်အားခွဲရုံက လွိုင်ကော်ပင်မဓာတ်အားခွဲရုံကြီးမှတစ်ဆင့် ဓာတ်အားရယူကာ လွိုင်ကော် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများစွာသို့ အဓိကချိတ်ဆက်ပေးထားတဲ့ အရေးကြီးသောခွဲရုံတစ်ခု ဖြစ်ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .