“ကညင်ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက အိမ်ထောင်စု ၁၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားရရှိမည်”

23 Jul

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကညင်ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက အိမ်ထောင်စု ၁၀,၀၀၀ ကျော်အတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံမှာ ဆောင်ရွက်လျက်ရှိပါတယ်။ အခုစက်ရုံမှာ ၃ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိမည့် တာဘိုင်သုံးလုံးနဲ့ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ သန်းကျော် ထုတ်လုပ်ရန် လျာထားကြောင်း သိရပါတယ်။ မိုးရာသီမှာ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှာဖြစ်ပြီး နွေရာသီမှာ စိုက်ပျိုးရေလိုအပ်ချက်ပေါ်မူတည်၍ လျှပ်စစ်ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။ အခုစီမံကိန်းပြီးစီးပါက အမျိုးသားဓာတ်အားကွန်ရက်မှတစ်ဆင့် လစဉ်ယူနစ် ၁၀၀ သုံးစွဲတဲ့ အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ယင်းစီမံကိန်းက စိုက်ပျိုး ရေပေးဝေရုံသာမက ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုပါ အဓိကဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ (NVS 008)

23 Jul

ADVERTISE HERE .