“WBC ကမ္ဘာ့ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း ဟန်နာရပ် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်”
22 Jul
WBC အမျိုးသမီး ကမ္ဘာ့ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း အမေရိကန်လက်ဝှေ့မယ် ဟန်နာရပ် ဟာ ဇူလိုင်လ ၁၉ ရက်က ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များက ထုတ်ပြန်ခဲ့သည်ဟု Boxing Scene သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဟန်နာရပ် က စက်ဘီးစီးကာ လမ်းမကြီးကိုဖြတ်သန်းစဉ် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဟန်နာရပ် ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်က လက်ရှိချန်ပီယံ ခါးပတ်ကာကွယ်ပွဲစဉ်ကို ထိုးသတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ WBC အဖွဲ့ချုပ်က “WBC ကမ္ဘာ့ ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း ဟန်နာရပ် ဟာ ယာဉ်မတော်တဆ မှုကြောင့် ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါတယ်။ WBC အဖွဲ့ချုပ်အနေနဲ့ ဟန်နာရပ် ရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းပါတယ်” ဟု ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
22 Jul