“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့သည့် စပိန်အသင်း ဆုကြေးအမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိ”

22 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် စပိန်အသင်းအနေဖြင့် ချန်ပီယံ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၄၈ သင်းဖြင့် အသင်း အရေအတွက် တိုးမြှင့်ကျင်းပခဲ့ပြီး ချန်ပီယံဆုကြေးကိုလည်း ပြီးခဲ့သည့် ပြိုင်ပွဲများထက်တိုးမြှင့်ကာ အမေရိကန် ဒေါ်လာ သန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေးတိုးမြှင့်ပေးအပ်မှုအနေဖြင့် အုပ်စု အဆင့်မှစတင်ပြီး ဗိုလ်လုပွဲအထိ အဆင့်သတ်မှတ်ချက်အလိုက် အသီးသီးချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းများအနေဖြင့် အုပ်စုအဆင့်မှစတင်၍ ဆုကြေးရရှိခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ကိုးသန်းစီ၊ ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၁၁ သန်းစီ၊ ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၁၅ သန်းစီ၊ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၁၉ သန်းစီ၊ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၂၇ သန်းစီ၊ တတိယဆုရရှိသည့် အသင်းအနေဖြင့် ၂၉ သန်း၊ ဒုတိယဆုရရှိသည့် အသင်းအနေဖြင့် ၃၃ သန်းတို့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

22 Jul

ADVERTISE HERE .