“နည်းပြ ဂါစီယာ ဘယ်လ်ဂျီယံနည်းပြအဖြစ်မှ ထွက်ခွာမည်”

22 Jul

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က စာချုပ်သစ် ထပ်မံမချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီးနောက် နည်းပြ ဂါစီယာ အနေနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း နည်းပြအဖြစ်ကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။ အသက် ၆၂ နှစ်အရွယ် နည်းပြ ဂါစီယာ ဟာ ၂၀၂၅ ဇန်နဝါရီလမှာ ဘယ်လ်ဂျီယံအသင်းနည်းပြရာထူးကို ရယူခဲ့တာဖြစ်ပြီး သူ့ရဲ့စာချုပ်က အခုနှစ် ဇူလိုင်လကုန်မှာ သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြ ဂါစီယာ က ဘယ်လ်ဂျီယံအသင်းကို ကွာတားဖိုင်နယ်ရောက်အောင် ဦးဆောင်ပေးခဲ့ပေမယ့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က နည်းပြ ဂါစီယာ ကို စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းကို ပိုမိုအားကောင်းလာစေဖို့အတွက် နည်းပြဂါစီယာရဲ့ ကြိုးစားအားထုတ် မှုကို အသိအမှတ်ပြုသလို ကမ္ဘာ့ဖလားမှာ အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေကို အမြဲအမှတ်ရနေမှာဖြစ်ကြောင်း ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ခဲ့ပါတယ်။ ရိုးမား၊ လိုင်ယွန်နဲ့ နာပိုလီအသင်းနည်းပြဟောင်း ဂါစီယာ ဟာ ၂၀၂၃ ခုနှစ်မှာ နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၂ နှစ်နီးပါးအနားယူခဲ့ကာ ဘယ်လ်ဂျီယံအသင်းကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။(NVS 008)

22 Jul

ADVERTISE HERE .