“ဗိုလ်လုပွဲအပြီး အချင်းများမှုကို ဖီဖာစစ်ဆေး”

22 Jul

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်အပြီး အာဂျင်တီးနားနဲ့ စပိန်အသင်းတို့အကြား ဖြစ်ပွားခဲ့တဲ့ အချင်းများမှုကို ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ စပိန်အသင်းက တိုက်စစ်မှူး တောရက်စ် ရဲ့ ပွဲချိန် ၁၀၆ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ နှစ်ဖက်အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အချင်းများ ခဲ့တာဖြစ်ပါတယ်။ မက်လိုက်ဖ်အားကစားကွင်းမှာ ဖြစ်ပွားခဲ့တဲ့ အာဂျင်တီးနားကစားသမားတွေရဲ့ စည်းကမ်းမဲ့ပြုမူပုံတွေက ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ပါရီဒက်စ် နဲ့ မိုလီနာ တို့က စပိန်ကစားသမားတွေဖြစ်တဲ့ ဂါစီယာ နဲ့ ရိုဒရီ တို့ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်လာသလို အာဂျင်တီးနားလက်ထောက်နည်းပြ အယာလာ ကလည်း စပိန်ကွင်းလယ်လူ အိုလ်မို ကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီ နဲ့ တခြားကစားသမားတွေက အခြေအနေကို ငြိမ်သက်စေဖို့အတွက် အလျင်အမြန် ဝင်ရောက်ဖျန်ဖြေခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်အပေါ် အရေးယူသင့်၊ မသင့် ဆုံးဖြတ်နိုင်ရန် စည်းကမ်းပိုင်း ဆိုင်ရာစစ်ဆေးမှုကို စတင်ပြုလုပ်နေပြီလို့ ဖီဖာက အတည်ပြုလိုက်ပါတယ်။(NVS 008)

22 Jul

ADVERTISE HERE .