“ဘရာဇီးလ်ကွင်းလယ်လူ ဂျော်အိုဂိုးမက်စ် ကို အက်စတွန်ဗီလာအသင်းခေါ်ယူ”
22 Jul
အက်စတွန်ဗီလာအသင်းက တန်းဆင်းသွားတဲ့ ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဂျော်အိုဂိုးမက်စ် ကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းအပြင် အပိုဆုကြေး ပေါင် လေးသန်း ဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂိုးမက်စ် ဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာလာပြီး ဗီလာအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပါတယ်။ ဂိုးမက်စ် အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဝုလ်ဗ်အသင်းအတွက် ၄၁ ပွဲကစားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဗီလာအသင်းက ကွင်းလယ်လူ အိုနာနာ ကို ဒဏ်ရာကြောင့် အခုနှစ်ကုန်အထိ လက်လွှတ်ရဖို့ရှိနေပြီး တီလေမန်းစ် က မန်ယူအသင်းသို့ ပြောင်းရွှေ့သွားကာ မော်ဂန်ရော်ဂျာစ် ကလည်း ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သေချာနေတာကြောင့် ဂိုးမက်စ် ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။(NVS 008)
22 Jul