“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလတာအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ သန်း ကျော်ရရှိ”
22 Jul
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလတာအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် တင်ပို့လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၁ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းရရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ပုစွန်တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မက်ထရစ်တန် ၂,၁၀၀ ဒသမ ၇၇၉ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁ သန်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၅၆ ဒသမ ၄၂ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်း ရရှိခဲ့ကာ စုစုပေါင်းပုစွန်မက်ထရစ်တန်ချိန် ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းအထိ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါး စတဲ့ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ အဓိကတင်ပို့လျက်ရှိသလို အဆိုပါကုန်သွယ်မှုများကို ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်ရေကြောင်းလမ်းဖြင့် တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း တိုက်ရိုက်တင်ပို့ လျက်ရှိကြောင်း သိရပါတယ်။(NVS 008)