“တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုဖြစ်စဉ်အတွက် ဖိလစ်ပိုင်တပ်ဖွဲ့များကို တရုတ်ပြစ်တင်”

22 Jul

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် တင်းမာမှုများအတွက် ဖိလစ်ပိုင်တပ်ဖွဲ့များဖြစ်သည့် ဖိလစ်ပိုင်တပ်မတော်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို အဓိကတာဝန်ရှိသူများအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဇူလိုင်လ ၂၁ ရက်တွင် အပြစ်တင်လိုက်ကြောင်းသိရသည်။ ဖိလစ်ပိုင်သည် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်ရေယာဉ်တစ်စင်းကို ရန်အီကျောင်းသောင်စွယ် အနီးတွင် ရန်လိုသည့်အပြုအမူများဖြင့် နှောင့်ယှက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ လင်ကျန်း ကပြောသည်။ ထို့ပြင် တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား၌ ဆက်သွယ်ဆွေးနွေးမှုများလုပ်ရန် အခွင့် အလမ်းများ ပေါ်ပေါက်လာချိန်ကဲ့သို့သော အချိန်တိုင်းတွင် အချို့အင်အားစုများသည် ရေကြောင်းအငြင်းပွားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြောင်း ၎င်းကဆိုသည်။ ထို့အတူ ဖြစ်စဉ်၏ အမှားအမှန်နှင့် နောက်ကွယ်တွင် မည်သူရှိသည်ကို လူတိုင်းက သိရှိထားပြီးဖြစ်သည်ဟု လင်ကျန်း ကပြောထားသည်။

22 Jul

ADVERTISE HERE .