“ရန်ကုန်တက္ကသိုလ်၌ တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီး ကျင်းပမည်”

21 Jul

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF) PUBG MOBILE Offline တို့ ပူးပေါင်းကျင်းပသည့် PUBG MOBILE Varsity Esports Championship ၏ တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီးကို ရန်ကုန်တက္ကသိုလ်၌ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း MESF မှ သိရပါတယ်။ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တက္ကသိုလ်အသင်းများ ရွေးချယ်နိုင်ရန် တက္ကသိုလ်တွင်းပြိုင်ပွဲများကို ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိတက္ကသိုလ်နှင့်ကောလိပ် ၂၉ ခုတို့မှ အသင်းပေါင်း၂၇၃ သင်းတွင် အားကစားသမားပေါင်း ၁,၀၉၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အနိုင်ရရှိခဲ့ကြတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တက္ကသိုလ်အသင်း ၁၆ သင်းသည် ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရန်ကုန်တက္ကသိုလ်အားကစားခန်းမမှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားများနှင့် မျိုးဆက်သစ်များအနေနဲ့ Esports အားကစားကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ တက္ကသိုလ်များမှ မျိုးဆက်သစ်အားကစားသမားများ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်သို့ ယှဉ်ပြိုင်နိုင်မည့် လူငယ်ကစားသမားကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပပေး ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

21 Jul

ADVERTISE HERE .