“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ရရှိထား”
21 Jul
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ တန်ချိန် ၁၆,၆၂၅ ဒသမ ၄၈၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၄၅ သန်း ရရှိထားပါတယ်။ အဆိုပါ တင်ပို့မှုအနေနဲ့ ရေချို/ရေငန် ငါးတင်ပို့မှုမှ ၉,၇၄၁ ဒသမ ၈၆၈ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၆၈ သန်း၊ ပုစွန်တင်ပို့မှုမှ ၅၆ ဒသမ ၄၂၀ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်းနှင့် ငါးပိ/ငါးခြောက်တင်ပို့မှုမှ တန်ချိန် ၆,၈၂၇ ဒသမ ၁၉၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၆၆ သန်းရရှိခဲ့ရာ စုစုပေါင်း ပြည်ပသို့ငါးတင်ပို့မှုတန်ချိန် ၁၆,၆၂၅ ဒသမ ၄၈၇ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၄၅ သန်း ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံပေါင်း ၃၀ သို့ တင်ပို့လျက်ရှိရာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုတန်ချိန် ၄၆၃,၇၈၈ ဒသမ ၃၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၆၈၉ ဒသမ ၁၅၀ ရရှိထားပါတယ်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် MSME ထုတ်ကုန်များအဖြစ် အဆင့်မြှင့် တင်ပို့နိုင်ရန် သင်တန်းပေးခြင်းနှင့် နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)