“အမေရိကန်စစ်တပ်က အီရန်ကို အသစ်တစ်ကြိမ် တိုက်ခိုက်မှုစတင်”

21 Jul

အမေရိကန်သမ္မတ ထရမ့် ၏ ညွှန်ကြားချက်အရ အမေရိကန်စစ်တပ်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီတွင် အီရန်ကို အသစ်တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားရှိ စီးပွားရေးကုန်တင်သင်္ဘောများအား တိုက်ခိုက်သည့် စစ်ရေးစွမ်းရည်ကို တစ်ဆင့်တိုးချည့်နဲ့အောင် ဆောင်ရွက် ခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM)က ဇူလိုင်လ ၂၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ယင်းသည် ဇူလိုင်လ ၁၁ ရက်မှစ၍ အမေရိကန်စစ်တပ်က အီရန်အား ၁၀ ရက် ဆက်တိုက် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်သည်။ ဇူလိုင်လ ၇ ရက်မှစ၍ အီရန်သည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအပေါ် တိုက်ခိုက်မှုအကြိမ်များစွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန်စစ်တပ်ဝန်ထမ်းပေါင်း ၁၀၀ နီးပါးသည် မတူညီသော အတိုင်းအတာ အသီးသီးဖြင့် ထိခိုက်မှုခံခဲ့ရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sean Parnell က အတည်ပြုခဲ့ကြောင်း အမေရိကန်မီဒီယာ CBS ၏ ဇူလိုင်လ ၂၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ထိုနေ့အစောပိုင်းတွင် ထရမ့် က လူမှုမီဒီယာ၌ပို့စ်တင်၍ အမေရိကန်စစ်တပ်က လတ်တလောရက်ပိုင်း အတွင်း လူထိခိုက်သေဆုံးမှု ဖြစ်ပွားပြီးနောက် အီရန်အပေါ် တင်းမာသည့် လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်သွား မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။ အီရန်က အမေရိကန်စစ်သည်တစ်ဦးကို သတ်ဖြတ်လိုက်တိုင်းမှာ အဲဒီ အတွက် ဆတိုးပေးဆပ်ရပါလိမ့်မယ်ဟု ထရမ့် က ခြိမ်းခြောက်ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်ဝန်ထမ်း ၂ ဦးသည် ဇူလိုင်လ ၁၇ ရက်တွင် ဂျော်ဒန်နိုင်ငံ နယ်နိမိတ်အတွင်း၌ အီရန်၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အခြားသူ ၁ ဦး ပျောက်ဆုံးခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM)က ဇူလိုင်လ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ အမေရိကန်စစ်တပ် ဝန်ထမ်း ၁ ဦးမှာ ဇူလိုင်လ ၁၈ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း၌ ပစ်ချခံရသော အီရန်၏ဒရုန်းတစ်စင်းအား ဖောက်ခွဲစဉ် သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ဇူလိုင်လ ၁၉ ရက်တွင် ထပ်မံကြေညာခဲ့သည်။

21 Jul

ADVERTISE HERE .