“အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှု ကြားဝင်စေ့စပ်သူ၏ အကြံပြုချက်အား လက်ခံရရှိထားပြီးဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို”
21 Jul
အီရန်အနေဖြင့် အမေရိကန်နှင့် အီရန် ဆွေးနွေးညှိနှိုင်းမှု ကြားဝင်စေ့စပ်သူ၏ အကြံပြုချက်ကို လက်ခံရရှိ ထားပြီးဖြစ်ကြောင်း၊ အသေးစိတ်ကို လက်ရှိတွင် ထုတ်ဖော်ပြောကြား၍မရကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စမေး ဘဂါအီ က ဇူလိုင်လ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အီရန် ပြည်ထဲရေးဝန်ကြီးသည် ထိုနေ့တွင် ပါကစ္စတန်နိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံသက်ဆိုင်ရာ အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုနှင့် စစ်ပွဲနှစ်ခုစလုံးသည် ရည်မှန်းချက်ကို ဖော်ဆောင်သည့် နည်းလမ်းများပင်ဖြစ်ကြောင်း၊ ခုခံကာကွယ်ရေးနှင့် သံတမန်ဆက်ဆံရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်၍မရ ဟူသည်မှာ မမှန်ကန်ကြောင်း၊ အီရန်အနေဖြင့် မည်သည့်အခါကမျှ အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာကို စတင်ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ အမေရိကန်က ကတိကဝတ်ကို ချိုးဖောက်ခြင်းကြောင့် အီရန်က တန်ပြန်အစီအမံ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ အီရန်လက်နက်ကိုင်အင်အားသည် အမေရိကန်အား တန်ပြန်တိုက်ခိုက်နေပြီး ၎င်း၏ပြစ်မှုကို အစွမ်းကုန်ကြိုးပမ်း တားဆီးလျက်ရှိကြောင်း အစ္စမေး ဘဂါအီ က ပြောကြားခဲ့သည်။ အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ မရှိသည့်တိုင် ဟော်မုဇ်ရေလက်ကြား ကမ်းရိုးတန်းနိုင်ငံအနေဖြင့် အီရန်သည်လည်း အဆိုပါရေလက်ကြားအပေါ် ထိန်းချုပ်ခွင့်ရှိကြောင်း၊ အီရန်အနေဖြင့် အိုမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားပြီး လိုအပ်သည့်အစီအမံများ လုပ်ဆောင်ကာ ဟော်မုဇ်ရေလက်ကြားတွင် မည်သည့်လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပွားခြင်းကိုမဆို ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Repost from Xinhua)