“ONE Friday Fights 163 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ထိုးသတ်မယ့် မြန်မာဖိုက်တာ နက္ခတ်မင်း”
21 Jul
မြန်မာဖိုက်တာ နက္ခတ်မင်းဟာ ဒီတစ်ပတ်ကျင်းပမယ့် ONE Friday Fights 163 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။ ONE Friday Fights 163 ပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက် သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္ပဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၃) ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာဖိုက်တာ နက္ခတ်မင်းနဲ့ ထိုင်းဖိုက်တာ ပွန်ပတ် တို့က အဓိကခေါင်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ နက္ခတ်မင်းဟာ ONE Championship မှာ ပထမဆုံးထိုးသတ်မှာဖြစ်ပါတယ်။ နက္ခတ်မင်းဟာ ပြည်တွင်းမှာ နာမည်ရမြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ပြီး နာမည်ကြီး ရိုးရာဖိုက်တာတွေဖြစ်တဲ့ အဲမွီ၊ စောဘဟိန်း၊ ဖိုးလပြည့် အစရှိသူတို့နဲ့ ထိုးသတ်ထားသူဖြစ်ပါတယ်။ နက္ခတ်မင်းနဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ပွန်ပတ် ဟာ ONE Championship မှာ ဝါရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ (NVS 008)