“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ ပရိသတ်ဝင်ရောက်မှု စံချိန်သစ်တင်နိုင်ခဲ့”

21 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ စုစုပေါင်းပရိသတ် ၆ ဒသမ ၈ သန်းရှိခဲ့ပြီး ပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်းပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားတာက အမေရိကန်မှာ ကျင်းပခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပရိသတ် ၃ ဒသမ ၆ သန်း ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း ၅၂ ပွဲသာရှိတာကြောင့် တစ်ပွဲပျမ်းမျှ ပရိသတ် ၆၈,၉၉၁ ဦး ရှိခဲ့တဲ့အတွက် ပျမ်းမျှပရိသတ်အများဆုံးပြိုင်ပွဲအဖြစ် လက်ရှိအချိန်အထိ စံချိန်တင်ထားကြောင်းလည်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပွဲပေါင်း ၁၀၄ ပွဲ ရှိခဲ့တာကြောင့်လည်း စုစုပေါင်းပရိသတ် စံချိန်တင်ခဲ့တာ ဖြစ်ပေမယ့် တစ်ပွဲပျမ်းမျှပရိသတ်ကလည်း ၆၅,၄၉၀ ဦး ရှိခဲ့ပြီး ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် တစ်ပွဲပျမ်းမျှပရိသတ် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်အများဆုံး ကြည့်ရှုခဲ့တဲ့ပွဲစဉ်တွေကတော့ မက္ကဆီကိုနိုင်ငံက အက်ဇ်တေကာကွင်းမှာ ပွဲစဉ် ၅ ပွဲဖြစ်ပြီး ကွင်းလုံးပြည့်အဖြစ် ပရိသတ် ၈၀,၈၂၄ ဦး ကြည့်ရှုခဲ့ပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .