“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဆီ ကို IFFHS ရွေးချယ်”
21 Jul
နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့(IFFHS) က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ကို ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က စပိန်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ရိုဒရီ ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပေမယ့် IFFHS ကတော့ မက်ဆီကို ရွေးချယ်ခဲ့ ပါတယ်။ IFFHS ကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ၊ တစ်ပွဲချင်းပျမ်းမျှစွမ်းဆောင်ရည်နှုန်းထားတွေ၊ အသင်းအပေါ် သက်ရောက်မှုတွေအပေါ် အခြေခံတွက်ချက်ပြီး မက်ဆီ ကို အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ IFFHS ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသူတွေကတော့ ဂိုး - အူနိုင်းဆိုင်မွန် (စပိန်)၊ နောက် - ကူကူရယ်လာ(စပိန်)၊ လာပေါ့တ်(စပိန်)၊ ကူဘာဆီ(စပိန်)၊ ပေါ်ရို(စပိန်)၊ လယ် -အိုလီဆေး (ပြင်သစ်)၊ ဒမ်ဘီလီ(ပြင်သစ်)၊ ဘယ်လင်ဂမ်(အင်္ဂလန်)၊ ရှေ့- မက်ဆီ(အာဂျင်တီးနား)၊ အမ်ဘာပေ(ပြင်သစ်)၊ ယာမယ်(စပိန်)တို့ဖြစ်ပြီး အကောင်းဆုံးနည်းပြအဖြစ် စပိန်နည်းပြ ဒယ်လာဖွန်တေ ကို ရွေးချယ်ခဲ့ပါတယ်။ (NVS 008)