“ပခုက္ကူမြို့နယ်ရှိ မဟာဓာတ်အားလိုင်းတိုင်အမှတ်(၃၃၈)ကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ”
21 Jul
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ်(၃၃၈)ကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနထံမှ သိရပါတယ်။ အခုလိုဖျက်ဆီးခံရမှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့ များသို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားကာ မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီဓာတ်အားပေးကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှု ထိခိုက်ခဲ့၍ တိုင်းဒေသကြီးအတွင်းမှ အခြားမြို့၊ ရွာများမှာ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါဓာတ်အား ပြတ်တောက်ခြင်း များဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခုအခါ ပျက်စီးသွားသော တာဝါတိုင်အမှတ်(၃၃၈)ကို လုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးမှဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ (NVS 008)