“မန္တလေးအဝေးသင်တက္ကသိုလ်မှာ Diploma in English (Basic Level-I) သင်တန်းဖွင့်လှစ်မည်”

21 Jul

မန္တလေးအဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှကြီးမှူး၍ Diploma in English Course (Basic Level-I) သင်တန်းကို လာမည့်ဩဂုတ်လ ၁ ရက်မှာ စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းက သင်တန်းကာလ ၃ လကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများ လျှောက်ထားနိုင်ကာ လျှောက်လွှာများကို ဇူလိုင်လ ၂၀ ရက်မှ ၃၁ ရက်အထိ မန္တလေးအဝေးသင်တက္ကသိုလ် အောင်ပင်လယ်ဆောင်ရှိ အင်္ဂလိပ်စာဌာနမှာ ဝယ်ယူ၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ယခုသင်တန်းအတွက် သင်တန်းသားဦးရေ ၁၀၀ ဦးသာ လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာထုတ်ယူရာတွင် တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းတို့ကို ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မန္တလေးအဝေးသင်တက္ကသိုလ် အောင်ပင်လယ် ဆောင်ရှိ အင်္ဂလိပ်စာဌာနမှာ ရုံးချိန်အတွင်း သွားရောက်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .