“ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေ”

21 Jul

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရပါတယ်။ ပြည်သူများရဲ့ စားသောက်ရေးကုန်ကျစရိတ် သက်သာစေရန်နှင့် စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ဘဲမွေးမြူထုတ်လုပ် ရောင်းချသူ များအသင်း နှင့် ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့ ပူးပေါင်း၍ ကြက်ဥများကို စားသုံးသူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းနဲ့ ဇူလိုင်လ ၂၀ ရက်မှစတင်ကာ အထူးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကြက်ဥအထူးဈေးရောင်းချပေးခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ မြို့နယ်အသီးသီးမှ ဈေးများမှာ အလှည့်ကျစနစ်နဲ့ ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လာမည့် ဇူလိုင်လ ၂၂ ရက်မှာလည်း ဒေသခံပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရန်အတွက် မြို့နယ်အသီးသီးရှိ ဈေးများမှာ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၂ ရက်မှာလည်း ရွှေပြည်သာမြို့နယ် - ပတ္တမြားဈေး၊ တောင်ဥက္ကလာပမြို့နယ် - နန္ဒဝန်ဈေး ပုဇွန်တောင်မြို့နယ် - ပုဇွန်တောင်ဈေး၊ မြောက်ဥက္ကလာပမြို့နယ် - ရတနာသိင်္ဂီဈေး (ဈဈေး)၊ သင်္ဃန်းကျွန်းမြို့နယ် - စံပြဈေး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် - ဒဂုံရွှေပြည်ဈေး၊ တာမွေမြို့နယ် - တာမွေအခွန်လွတ်ဈေး၊ ဗိုလ်တထောင်မြို့နယ် - ဘိုကလေးဈေး၊ မင်္ဂလာဒုံမြို့နယ် - ထောက်ကြန့်လမ်းဆုံ (ထောက်ကြန့်ဈေးအနီး) စသည်တို့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ (NVS 008)

21 Jul

ADVERTISE HERE .