အသည်းအတွက် မကောင်းတဲ့ အစားအစာများ

20 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသည်းအတွက် မကောင်းတဲ့ အစားအစာများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဆားအလွန်အကျွံပါဝင်တဲ့ အစားအစာများကို ရှောင်ပါ။ ဆိုဒီယမ်ဓာတ်များတဲ့ အစားအစာတွေက fibrosis ဟုခေါ်တဲ့ အသည်းအမာရွတ်များကို ဖြစ်စေနိုင်ပါတယ်။ Fibrosis က ပြင်းထန်သော အခြေအနေဖြစ်လာတဲ့အခါမှာ အသည်းခြောက်တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။ အထူးသဖြင့် ချက်ပြီးသားအစားအစာ တွေမှာ ဆားများများထည့်တာကို ရှောင်သင့်ပါတယ်။ ဆီကြော်ထားတဲ့ အစားအစာများနဲ့ red meat အသားမျိုးများကို အလွန်အကျွံစားသုံးခြင်းက သင့်ခန္ဓာကိုယ်နဲ့ အသည်းကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ Red meat တွေဟာ saturated fat များတာကြောင့် အသည်းအတွက် မကောင်းပါဘူး။ Red meat စားသုံးမှုကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အထိ လျှော့ချသင့်ပါတယ်။ ဆီကြော်ထားတဲ့ အစားအစာတွေက ကယ်လိုရီနဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ၎င်းတို့က အသည်းရောဂါအတွက် အဓိကအန္တရာယ်များတဲ့ အထဲမှ တစ်ခုဖြစ်တဲ့ အဝလွန်ခြင်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အသည်းတစ်ဝိုက်မှာ အဆီတွေစုပုံလာတာကြောင့် အသည်းအဆီဖုံး ရောဂါကို ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် အသည်းကျန်းမာစေဖို့အတွက် ဆီကြော်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ထမင်းဖြူ၊ ခေါက်ဆွဲ၊ ပေါင်မုန့် နဲ့ အခြား အဆီများတဲ့ အစားအစာများကို မျှတစွာ စားသုံးသင့်ပါတယ်။ ဆန်ဖြူ၊ ခေါက်ဆွဲနဲ့ ပေါင်မုန့်တွေကို processed flour တွေနဲ့ ပြုလုပ်ထားတာပါ။ Whole grains များကဲ့သို့ အမျှင်ဓာတ်များစွာ မပါဝင်ပါ။ အဲ့ဒါကြောင့် ၎င်းတို့က ခန္ဓာကိုယ်အတွင်းရှိ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေကာ အသည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကစီဓာတ်ပါတဲ့ ဆန်ဖြူများကို စားသုံးမယ့်အစား သွေးတွင်းသကြားဓာတ်ကို သိသိသာသာ မတိုးစေမယ့် whole grains အမျိုးအစားများကို ရွေးချယ် စားသုံးသင့်ပါတယ်။ ဥပမာအားဖြင့် brown grains rice ကို စားသုံးသင့်ပါတယ်။ White grains များအစား whole grains များကို စားသုံးသူများက ခန္ဓာကိုယ် ပျော့ပျောင်းနေလေ့ရှိပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။ အသည်းရောဂါမှလည်း ကာကွယ်ပေးပါတယ်။ အဆီများတဲ့ အစားအစာတွေက saturated fat ကြွယ်ဝစွာ ပါဝင်ပါတယ်။ Saturated fat များ အလွန်အကျွံစားသုံးခြင်းက အသည်းရောင်ရမ်းခြင်း ခံစားရနိုင်ပါတယ်။ အရက်သောက်ခြင်းက သင့်အသည်းရဲ့ လုပ်ဆောင်မှုအပေါ် သိသိသာသာ ထိခိုက်စေပါတယ်။ အရက်သောက်ခြင်းက အသည်းပျက်စီးရခြင်းရဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုဖြစ်ပါတယ်။ အရက်သောက်ခြင်းက အချိန်ကြာလာတာနဲ့အမျှ အသည်းကို ပျက်စီးစေပြီး အသည်းခြောက်ခြင်းကို ဖြစ်စေပါတယ်။ ထုပ်ပိုးပြီး ပြုပြင်ထားတဲ့ သရေစာများနဲ့ သကြားများက အဆီများကို စုပုံလာနိုင်စေပါတယ်။ သကြားအလွန်အကျွံ စားသုံးခြင်းက အသည်းအဆီဖုံးခြင်းရောဂါကို ဖြစ်လာနိုင်စေပါတယ်။ အသည်းရောဂါမဖြစ်အောင် အချိုများစားသုံးခြင်း ပမာဏကို ထိန်းထားသင့်ပါတယ်။ ဒါ့အပြင် ၎င်းတို့က အဆီ၊ ဆားနဲ့ သကြားများစွာဖြင့် ပြုလုပ်ထားတာကြောင့် ၎င်းတို့သည် သင့်အသည်းအတွက် မကောင်းပါ။ ထုပ်ပိုးပြီး ပြုပြင်ထားတဲ့ အစားအစာအများစုမှာ အာဟာရပါဝင်မှု အလွန်နည်းတာကြောင့် ၎င်းတို့ကို စားသုံးခြင်းသည် သင့်အား empty ကယ်လိုရီ ပဲရစေပါတယ်။ Empty ကယ်လိုရီများကို ရှောင်ကြဉ်ခြင်းက ကိုယ်အလေးချိန် လျှော့ချရန်နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။ အဲ့ဒါကြောင့် အာလူးကြော်များ၊ သကြားလုံးများ၊ ကိတ်မုန့်၊ ဆိုဒါအအေးများ စတဲ့ အစားအသောကများကို ရှောင်ကြဥ်သင့်ပါတယ်။ (NVS 003)

20 Jul

ADVERTISE HERE .