ကုန်ဈေးနှုန်းသတင်း ၂၀.၇.၂၀၂၆

20 Jul

ဇူလိုင်လ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်နီဈေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ အခြားပဲ အများစု၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၉,၈၈၄ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၁,၂၄၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၇၄၀ ကျပ်ကနေ ၅,၇၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၂၇၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၄,၂၆၀ ကျပ်ကနေ ၁၅,၉၃၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၆၆၅ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၃,၉၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၁၅,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၁,၀၀၀ ကျပ်ကနေ ၂၈,၀၀၀ ကျပ်၊ ငါးနှပ်ခြောက်(ကြီး/လတ်/သေး) တစ်ပိဿာကို ၃၃,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၅၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၀ ကျပ်၊ မန္တလေးမှာ ၃,၃၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၈၅ ကျပ်၊ မန္တလေး မှာ ၃,၄၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၈၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၇၅ ကျပ်၊ မန္တလေးမှာ ၃,၃၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၆၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၈၉၅ ကျပ်၊ မန္တလေးမှာ ၄,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၉၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၅၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်း ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၉,၆၀၀,၀၀၀ိ/-) ကိုးဆယ် ခြောက်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Jul

ADVERTISE HERE .