“မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ အီဒါဆန် ကို သက်တမ်းတိုးခဲ့တဲ့ အတ္တလန်တာအသင်း”
20 Jul
အတ္တလန်တာအသင်းဟာ မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ အသင်းကွင်းလယ်ကစားသမား အီဒါဆန် ကို စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပါတယ်။ အတ္တလန်တာအသင်းက စာချုပ်သက်တမ်းပမာဏကို မဖော်ပြပေမယ့် အီတလီသတင်းတွေကတော့ ၂၀၃၁ ခုနှစ်အထိ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ အီဒါဆန် ရဲ့မူလစာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဇွန်လက အီဒါဆန် ကိုခေါ်ယူဖို့ ပေါင် ၃၅ သန်းနဲ့ သဘောတူညီမှုရခဲ့ပေမယ့် မန်ယူအသင်းက အီဒါဆန် ကို ဆေးစစ်ချိန်မှာ ကြံ့ခိုင်မှုပြဿနာရှိနေလို့ ခေါ်ယူဖို့ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ အန်ဒရေဆန်းတို့စ်၊ တီလေမန်းစ်စတဲ့ ကွင်းလယ်ကစားသမားတွေကို ခေါ်ယူထားပါတယ်။ (NVS 008)
20 Jul