“ဘော့စနီးယားနောက်ခံကစားသမား မူဟာရေးမိုဗစ် ကို ငါးနှစ်စာချုပ် ချုပ်ဆိုလိုက်တဲ့ လိဒ်စ်အသင်း”
20 Jul
လိဒ်စ်အသင်းဟာ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းက ဘော့စနီးယားနောက်ခံလူ မူဟာရေးမိုဗစ် ကို ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ လိဒ်စ်အသင်းအနေနဲ့ မူဟာရေးမိုဗစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄ ဒသမ ၁ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။ မူဟာရေးမိုဗစ် ဟာ ပြီးခဲ့တဲ့ဇွန်လက ဘရိုက်တန်အသင်းထံ ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့သွားတဲ့ စထရူယစ် ရဲ့နေရာကို အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်အသင်းဟာ ဖူလ်ဟမ်အသင်းက ဟာရီဝီလ်ဆင်ကို ခေါ်ယူပြီးနောက် မူဟာရေးမိုဗစ် က အသင်းရဲ့ ဒုတိယမြောက်ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ မူဟာရေးမိုမစ် ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဘော့စနီးယားအသင်းအတွက် သုံးပွဲ ကစားခဲ့ပါတယ်။ မူဟာရေးမိုဗစ် အနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့ဖူးပေမယ့် ပွဲမကစားရဘဲ ဆာဆူအိုလိုအသင်းထံ ကနဦး အငှားချခဲ့ကာ နောက်ပိုင်းမှာ အပြီးသတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ အခုအပြောင်းအရွှေ့ကနေ ၅၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ (NVS 008)