“ဗီလာအသင်းက မော်ဂန်ရော်ဂျာစ် ကို စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်း”

20 Jul

ချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကစားသမား မော်ဂန်ရော်ဂျာစ် ကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ မော်ဂန်ရော်ဂျာစ် ရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် ၁၁၇ သန်းအထိ ပေးချေရမှာ ဖြစ်ပါတယ်။ ရော်ဂျာစ် ဟာ ချဲလ်ဆီးအသင်းနဲ့ ခြောက်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်မှာ ဖြစ်ပါတယ်။ ရော်ဂျာစ် ဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကပြန်လာမယ့် တနင်္လာနေ့မှာ ချဲလ်ဆီးအသင်းနဲ့အတူ ဆေးစစ်မှုခံယူမှာ ဖြစ်ပါတယ်။ ရော်ဂျာစ် ရဲ့ပြောင်းရွှေ့ကြေးဟာ ၂၀၂၃ ခုနှစ် အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပေါင် ၁၀၇ သန်းကို ကျော်ဖြတ်ပြီး ချဲလ်ဆီးအသင်းသမိုင်းမှာ အမြင့်ဆုံးဖြစ်လာခဲ့ ပါတယ်။ (NVS 008)

20 Jul

ADVERTISE HERE .