“Hydration Break ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းပြောကြားခဲ့တဲ့ အာစင်ဝင်းဂါး”
20 Jul
အာဆင်နယ်ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)အနေနဲ့ ကမ္ဘာ့ဖလားပြီးနောက်မှာ Hydration Break ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ FIFA ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ Hydration Break အသုံးပြုမှုကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရာသီဥတု အနေအထားပေါ် မူတည်မှုမရှိဘဲ ပွဲအားလုံး တန်းတူအခွင့်အရေးအတွက် Hydration Break ကို ကျင့်သုံးနေလို့ ဝေဖန်ခံခဲ့ ရပါတယ်။ အာစင်ဝင်းဂါးက Hydration Break ဟာ ပရိသတ်ကြားမှာ ရေပန်းစားမနေဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ပွဲအရှိန်ရနေတုန်း Hydration Break သတ်မှတ်ပေးနေလို့ ကွင်းထဲက ပရိသတ်တွေလည်း လှောင်ပြောင်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ လက်ရှိမှာ FIFA ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အဖြစ် ဆောင်ရွက်နေပါတယ်။ Hydration Break မှာ ရုပ်သံတွေအတွက် ကြော်ငြာခငွေများစွာရရှိနေပြီး FOX Sports မှာ ၃၀ စက္ကန့်စာကြော်ငြာတစ်ခုအတွက် ဒေါ်လာ နှစ်သိန်းကနေ သုံးသိန်းအကြား၊ အမေရိကန်ပွဲတွေနဲ့ နောက်ဆုံး အဆင့်ပွဲတွေမှာ ဒေါ်လာခုနစ်သိန်းခွဲအထိ ပေးနေရတယ်လို့ သိရပါတယ်။ (NVS 008)