“ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ၌ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် တရားပွဲများ ကျင်းပမည်”
20 Jul
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် မြတ်ကြီးတွင် (၅၄)ကြိမ်မြောက် ဝါတွင်းသုံးလ ဇူလိုင်လ ၂၉ ရက်(ဝါဆိုလပြည့်)မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်)အထိ အပတ်စဉ်ဥပုသ်နေ့တိုင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် သီလပေးတရားတော် ချီးမြှင့်ခြင်းနှင့် ဓမ္မပူဇာတရားပွဲများဟောကြားခြင်းတို့ကို စေတီတော်ရင်ပြင်ရှိဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံမှာ ကျင်းပမှာဖြစ်ပါတယ်။ ဝါတွင်းကာလဥပုသ်နေ့များတွင် နံနက် ၁၀ နာရီခွဲမှာ သီလပေးတရားတော်များကို ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်အရှင် သူမြတ်များက ဟောကြားကြမည်ဖြစ်ပြီး မွန်းလွဲ ၁၂ နာရီခွဲနှင့် ညနေ ၃ နာရီတို့တွင် စေတီတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးများက သစ္စာလေးပါးမြတ်တရားနှင့် ခန္ဓာဉာဏ်ရောက်နိဗ္ဗာန်ပေါက် တရားတော်မြတ်တို့ကို ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်။ အဆိုပါဥပုသ်နေ့များမှာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသော အလှူရှင်များ၊ သီလဆောက်တည်သော ယောဂီများနှင့် ဘုရားဖူးလာပြည်သူအတွက် စားဖွယ်သောက်ဖွယ်ရာအာဟာရဒါနများ လှူဒါန်းခြင်းများကို အလှူရှင် များနှင့် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့တို့ပူးပေါင်း၍စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)