“ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ဒေသအလိုက် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ထား”
20 Jul
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း(MFSPEA)က တောင်သူများ အနေနဲ့ မိုးစပါး၊ ဝါနှင့် မိုးသီးနှံများစိုက်ပျိုးရာမှာ အဓိကအသုံးပြုလျက်ရှိသော ယူရီးယားနှင့်ကွန်ပေါင်းဓာတ်မြေဩဇာ များကို ဒေသအလိုက် လုံလောက်စွာ၊လွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း အသိပေးထားရှိ ပါတယ်။ MFSPEA ၏ ထုတ်ပြန်ချက်အရ တောင်သူများအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာများကို ဒေသအသီးသီးမှာ လုံလောက်စွာ ရရှိနိုင်စေရန် စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဒေသများ၌ အဆင်ပြေစွာ ဝယ်ယူ နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ဝယ်ယူရေးနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသော တောင်သူများအနေနဲ့ ဖုန်းနံပါတ် ၀၉-၆၆၅၄၀၇၈၉၀ သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်း နိုင်ကြောင်း MFSPEA က အသိပေးထားပါတယ်။ (NVS 008)
20 Jul