“ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများမှ ငွေကြေးအကျိုးခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးထားပြီးဖြစ်”

20 Jul

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆ လမှ ၆/၂၀၂၆ လအထိ ငွေကြေးအကျိုးခံစားခွင့်ငွေပေါင်း ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံး နှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဇူလိုင်လ ၁၈ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ ရောက်ရှိပြီး ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှုနှင့် အဆိုပါဝင်းအတွင်းရှိ အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အလုပ်ရှင်၊ အလုပ်သမား များ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်တဲ့ ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သော ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတစ်ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံးနှစ်ရုံးနှင့် မြို့နယ် လူမှုဖူလုံရေးရုံး ၁၅ ရုံး ဖွင့်လှစ်ထားရှိပြီး လုပ်‌ဆောင်ပေးနေခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)

20 Jul

ADVERTISE HERE .