“ဇူလိုင်လ ၂၀ မှ ၂၇ အတွင်း ဒေသအများအပြား မိုးကြီးနိုင်”

20 Jul

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၁၉/၂၀၂၆)အရ ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်းကြောင့် နိုင်ငံအနှံ့အများအပြားမှာ မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရပါတယ်။ အဆိုပါကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများမှာ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း သိရပါတယ်။ (NVS 008)

20 Jul

ADVERTISE HERE .